Company Overview – mm

ကုမ္ပဏီ အကြောင်း

သမိုင်းကြောင်း နှင့် ဖွဲ့စည်းပုံ

ကျွန်တော်များ ကုမ္ပဏီ၏ ဥက္ကဌကြီးမှ ၁၉၉၅-ခုနှစ်တွင် AUNG CHANTHA CONSTRUCTION & SERVICES CO.,LTD ကို စတင်တည်ထောင်၍ မြန်မာနိုင်ငံအနှံအပြား တွင် ဆောက်လုပ်ရေးလုပ်များကို စတင်လုပ်ကိုင်ခဲ့ပါသည်။ ထို့နောက် ၂၀၀၆- ခုနှစ်တွင် AUNG CHANTHA TRADING CO.,LTD ကိုတည်ထောင်၍ ဆောက်လုပ်ရေးနှင့် လမ်းတံတား လုပ်ငန်းသုံး စက်ယန္တရားများ၊ သတ္တုတွင်းလုပ်ငန်းသုံး ယန္တရားများနှင့် မီးစက်များ ၄င်းတို့နှင့် ဆက်စပ်အသုံးပြုသော စက်ပစ္စည်းများ တင်သွင်းရောင်းချခဲ့ပါသည်။ထိုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ယန္တရားလုပ်ငန်းများ၏ နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံများဖြင့် မြန်မာပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ၊ လမ်းလုပ် ငန်းများအတွက် လိုအပ်သောစက်ယန္တရားများအား အရည်အသွေးကောင်းမွန်၍ ဈေးနှုန်းချိုသာစွာဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းများအတွက် ကောင်းမွန်သောဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ METRO CONSTRUCTION & SERVCES CO.,LTD ကို ၂၀၁၃-ခုနှစ်တွင် ကုမ္ပဏီ မှတ်ပုံတင်အမှတ် ၃၅၃၁/၂၀၁၃-၂၀၁၄ ဖြင့် စတင်ဖွဲ့စည်းခဲ့၍ ၀န်ဆောင်မှုများပေးလျှက်ရှိပါသည်။ကျွန်တော်များ ကုမ္ပဏီတွင် အုပ်ချုပ်မှု ဒါရိုက်တာ ၁ ဦး ၊ အဖွဲ့ဝင် ဒါရိုက်တာ ၄ ဦးနှင့် အသိပညာရှင် အတတ်ပညာရှင် ၀န်ထမ်း ၁၅၀ ဦးဖြင့် လုပ်ငန်းများအား လုပ်ကိုင်လျှက်ရှိပါသည်။ လူကြီးမင်းတို့၏ ဆောက်လုပ်ရေး ၊ လမ်းတံတား ၊ အဆောက်အဦများ နှင့် သတ္တုတွင်းလုပ်ငန်းများ အတွက် လိုအပ်သော ယန္တရားများ သာမက အခြားလိုအပ်သော ဆက်စပ်ပစ္စည်းများ ကိုပါ မှာယူတင်သွင်းပေးလျှက်ရှိပါသည်။ စက်ရုံ ၊ အလုပ်ရုံ ၊ အရောင်းစင်တာများ ၊ ကျေးရွာ ၊ မြို့နယ်များ မီးလင်းရေးအတွက်မီးစက်ကြီးများနှင့် မီးပေးဝေရေး အတွက် လိုအပ်သော ဆက်စက်ပစ္စည်းများနှင့် တပ်ဆင်ပေးခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်လျှက်ရှိပါသည်။

ကျွန်ုပ်တို့ကို ရွေးချယ်သင့်သည့် အကြောင်းများ!

၁. လူကြီးမင်းတို့၏ လုပ်ငန်းများအတွက် လိုအပ်သော စက်/ ယန္တရားကြီးများအား ကောင်းမွန်သောအရည်အသွေး ၊ ချိုသာသောဈေးနှုန်းများ ဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကျ ၀န်ဆောင်မှုပေးနိုင်ရန် ။

၂. လူကြီးမင်းတို့၏ လုပ်ငန်းများအတွက် လိုအပ်သော စက်/ ယန္တရားကြီးများအား တစ်နေရာထဲတွင် ONE-STOP SERVICE ဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ။

ရောင်းချပြီး စက်ယန္တရားကြီးများ၏ ရေရှည်ကြံ့ခိုင်ရေး ၊ ထိန်းသိမ်းစောင့်ရှောက်မှု တို့ကို လူကြီးမင်းတို့ တစ်ဦးချင်းအလိုက် လိုအပ်ချက်များနှင့်အညီ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရန်နှင့် ဈေးနှုန်းချိုသာ ကောင်းမွန်သော အရည်အသွေးရှိ စက်/ ယန္တရားကြီးများအား ကျွန်ုပ်တို့၏ ကုမ္ပဏီမှ မြန်မာပြည်တွင်း တထောင့်တစ်နေရာမှထောက်ပံ့ပေးနိုင်ရန်